image1 image2 image3 image3 image3

The Tragedy of Aung-da-gon 3 Ferry Sunk

In March 13, 2015, a 'overloaded' ferry, Aung-Da-Gon 3, sank off with more than 300 passengers .169 passangers were rescued and alive, and 69 dead bodies were found up to March 16, 2015.

About us

အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်မှုသည်ကား မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးရေကြောင့် မတော်တဆဖြစ်မှုတစ်ခုဖြစ်ပေသည်။ ယင်းအောင်တံခွန်(၃)သင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်၍ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင် အောင်တံခွန် (၃)/၄၃၁၀ ခရီးသည်/ကုန်တင်ရေယာဉ်နစ်မြုပ်မှု စုံစမ်းစစ်ဆေးတွေ့ရှိချက်  အစီအရင်ခံစာတွင် အောက်ပါအတိုင်း ဖော်ပြထားပေသည်။

"ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ (၁၆း၁၅ မိနစ်အချိန်ခန့်တွင် ကျောက်ဖြူဆိပ်ကမ်းမှ မြေပုံမြို့နယ်ဘက်သို့ ထွက်ခွာလာသော ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင်တောင်ကုတ်-စစ်တွေသွား အောင်တံခွန်(၃)ရေယာဉ်သည် ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့ ၂၀း၃၀ အချိန်တွင် မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ ငပသုန်ကျေးရွာ၊ မြောက်ကျိန်ကျွန်းအနီး (ခမမပည-ES 630750) တွင် နစ်မြုပ်မှုဖြစ်ပွားခဲ့ပါသည်။ "

အောင်တံခွန်(၃)သင်္ဘောနစ်မြုပ်မှုသတင်းကိုကြားရလျှင် ကြားရချင်း ကျွန်တော်တို့ http://kyaukphrunet.blogspot.com/ (ကျောက်ဖြူလူငယ်များမီဒီယာ) အဖွဲ့မှ သတင်းဌာနအသီးသီးနှင့်
ဖေ့စ်ဘွတ် လူမှုမီဒီယာကွန်ယက်အသုံးပြုသူများ၏မျှဝေသော သတင်းဓာတ်ပုံအချက်အလက်များကို စုဆောင်းခြင်း၊ အခင်းဖြစ်ပွားသည့်နေရာသို့ကိုယ်တိုင်သွားရောက် ကူညီလုပ်ဆောင်ပေးနေကြသော
ဒေသခံပြည်သူများကိုဆက်သွယ်ကာ သတင်းမျှဝေခြင်းတို့ကို အစွမ်းကုန်ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ 

အစပိုင်းမှာတော့ ၄င်းသင်္ဘောနစ်မြုပ်စဉ်တွင် တာဝန်ရှိအစိုးရဌာနများမှလည်း သိပ်အရေးမထားသလို မီဒီယာများက စိတ်ဝင်စားမှုနည်းသည်ကိုတွေ့မြင်ရသည်။ လူမှုကွန်ယက်အသုံးပြုသူများမှ အသံကျယ်လောင်စွာ ပြောဆိုရေးသားလာကြပြီးေ နာက်မှာတော့ မီဒီယာများမှ သတင်း၊ ဆောင်းပါးပိုမိုရေးသားလာကြကာ အစိုးရဌာဆိုင်ရာမှလည်း အထိုက်လျှောက် လုပ်ဆောင်လာခဲ့ကြသည်။ ၂၁ ရာစု သတင်းနှင့်နည်းပညာခေတ်ကြီးမှာ အွန်လိုင်းမီဒီယာလောကသည်ကား အထူးအရေးပါလျှက်ရှိသည်။ 

အောင်တံခွန်(၃)သင်္ဘောနစ်မြုပ်နှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာတွင် လွယ်ကူစွာရှာဖွေလေ့လာနိုင်ရန်လည်းကောင်း၊ အမှန်တကယ်ဖြစ်ရပ်ကို နောင်လာနောက်သားများ သိရှိစေရန်အတွက် လည်းကောင်း၊ သမိုင်းမှတ်တမ်း၊ သတင်းဆောင်းပါးရေးသူများအနေဖြင့် သတင်းအရင်းအမြစ်တို့ကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်စေရန်လည်းကောင်း ရည်ရွယ်လျှက် ဤဘလော့ကို လွှင့်တင်လိုက်ရ
ခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ရဲ့ အောင်တံခွန်(၃) (http://aungdagon3.blogspot.com/) ဘလော့တွင် တင်ထားသမျှသော သတင်း၊ ဓာတ်ပုံ၊ ဗွီဒီယို၊ အသံဖိုင်၊ ဆောင်းပါး၊ ကဗျာ အစရှိသော အချက်နဲ့တို့သည် ကျွန်တော်ရဲ့ မူပိုင်မဟုတ်ပါချေ။ မူလ သတင်းဌာနနှင့် မူလပိုင်ရှင်များသာ ပိုင်ဆိုင်ကြပေသည်။ အချက်အလက်နှင့်ပတ်သက်၍ တစ်ဦးချင်း၊ သတင်းဌာနတစ်ခုချင်းကို သီသန့် ဖော်ပြမပေးခြင်းကို ကျေးဇူးပြု၍ ခွင့်လွှတ်နားလည် ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ကျောက်ဖြူလူငယ်များမီဒီယာဝိုင်းတော်သားများ
http://kyaukphrunet.blogspot.com/

CONVERSATION

0 comments:

Post a Comment