သားရွှေဦး (ကစ္ဆပ) ၂၀၁၅ မတ်လ ၁၄ မွန်းလွဲ ၃ နာရီ အချိန်~~~ မွန်းလွဲ ၂ နာရီကတည်းက စစ်တွေမြို့ အမြန်ရေယာဉ်ဆိပ်ကမ်းတွင် လူရာချီရှိနေပြီ။အားလုံး ၏ မျက်နှာတွင် စိုးရိမ်မှုများကိုဖုန်းကွယ်မရ။တစ်ချို့ဆိုလျင် မျက်ရည်သုပ်နေကြသည်ကိုမြင်တွေ့ရသည်။ သင်္ဘောနစ်မြုပ်ရာမှ လွတ်မြောက်လာသူ များ အား ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့်သယ်လာမည်ကိုကြားသဖြင့် မျော်နေကြခြင်းဖြစ်သည်။ ရွှေပြည်တန် အမြန်ရေယာဉ် ဆိုက်လာတော့ ကမ်းပေါ်တွင် လူတွေထောင်ချီရှိသွားပြီ။ သင်္ဘောက တက်လာသည့်သူများ၏ မျက်နှာမှာတော့မျက်ရည်စီးကြောင်းများ ထင်ထင်ရှားရှားမြင်တွေ့ရသည်။ အသက်ဘေးမှလွတ်မြောက်လာသောသူများက မိသားစုများနှင့်တွေ့သည့်အခါ ငိုကြွေးသံများက ကြားရသူများကိုရင်နင့်ခံစားစေပါသည်။ အသက်ဘေးမှ လွတ်မြောက်လာသူများထဲမှ ၁၅ နှစ်အရွယ် ခိုင်သိန်းအောင်က “သင်္ဘာက ရုတ်တရက်ဘယ်ဘက်ကိုတိမ်းစောင်းသွား တယ်။စောင်းတဲ့အချိန်မှာသင်္ဘောအပေါ်ထပ်ကနေ မြစ်ထဲခုန်ဆင်း လိုက်တယ်။ဒါပေမယ့်သင်္ဘောနဲ့အတူလူတွေအများကြီးပါသွားတယ်။”ဟုဝမ်းနည်းယင်း ပြောသည်။ သားနှစ်ဦးအား ရှင်ပြုရန် အတွက်ကျောက်တော်မြို့နယ်သို့မိသားစုအလိုက်ရွာပြန်လာသည့် ဦးမောင်တင်ဝင်း၏ပြောစကားက ကြားရသူများအဖို့ မျက်ရည်မစို့ဘဲမနေနိုင်ကြတော့။“သားနှစ်ယောက် ပါသွားတယ်။ ပြန်ပေါ်မလာဘူး။ ကိုးနှစ်တစ်ယောက်၊ခုနစ်နှစ်တစ်ယောက်ပေါ့။
အောင်တံခွန်(၃)သင်္ဘောနစ်မြှုပ်ရာမှ ကွယ်လွန်သွားသူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်
အောင်တံခွန်(၃)သင်္ဘောနစ်မြှုပ်ရာမှ ကွယ်လွန်သွားသူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်
အောင်တံခွန်(၃)သင်္ဘောနစ်မြှုပ်ရာမှ ကွယ်လွန်သွားသူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် အောင်တံခွန်(၃)သင်္ဘောနစ်မြှုပ်ရာမှ ကွယ်လွန်သွားသူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်
မြင်မကောင်းသည့် ရုပ်အလောင်းများ
မြင်မကောင်းသည့် ရုပ်အလောင်းများ
အောင်တံခွန်(၃)သင်္ဘောဖြင့်လိုက်ပါလာတဲ့ခရီးသည်အရေအတွက်ကို အတိအကျမသိရှိကြသကဲ့သို့ အာင်တံခွန်(၃) သင်္ဘောနစ်မြုပ်ရာတွင် သေဆုံးစာရင်းအတိအကျကို ဘယ်သူတစ်ဦးတစ်ယောက်မှ မသိရှိကြပေ။ သေဆုံးသူများအလောင်းကား မြင်မကောင်းလှချေ။
Related Articles
အောင်တံခွန် (၃) ခရီးသည်တင် သင်္ဘောနှစ်မြှပ်မှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
အောင်တံခွန် (၃) ခရီးသည်တင် သင်္ဘောနှစ်မြှပ်မှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
အောင်တံခွန် (၃) ခရီးသည်တင် သင်္ဘောနှစ်မြှပ်မှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း အောင်တံခွန် (၃) ခရီးသည်တင် သင်္ဘောနှစ်မြှပ်မှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
သေဆုံးသူများ၏အလောင်းတို့ကို မီးသင်္ဂြိုဟ်ခဲ့ကြ
သေဆုံးသူများ၏အလောင်းတို့ကို မီးသင်္ဂြိုဟ်ခဲ့ကြ
အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်ရာတွင် သေဆုံးသူများ၏အလောင်းတို့ကို သယ်ယူ၍မရနိုင်လောက်အောင် ပုပ်ပွနေသည့်အလောင်းတို့အား မြောက်ကြိမ်ကျွန်းအနီးရှိ ကျွန်းတွင် မီးသင်္ဂြိုဟ်ခဲ့ကြသည်။
Related Articles
Subscribe to:
Posts
(
Atom
)