image1 image2 image3 image3 image3

The Tragedy of Aung-da-gon 3 Ferry Sunk

In March 13, 2015, a 'overloaded' ferry, Aung-Da-Gon 3, sank off with more than 300 passengers .169 passangers were rescued and alive, and 69 dead bodies were found up to March 16, 2015.

နစ်မြုပ်သင်္ဘော အာမခံထားရှိခြင်းမရှိသော်လည်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကိုစိစစ်ပြီး သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေး ပေးသွားမည်ဟု မြန်မာ့အာမခံလုပ်ငန်းဆို

ရန်ကုန်၊ မတ် ၁၆


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းနစ်မြုပ်ခဲ့သည့် အောင်တံခွန်(၃)သင်္ဘောမှာ အာမခံ ထားရှိထားခြင်း မရှိသော်လည်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ များကိုမူ သေချာစိစစ်ပြီး သူတစ် ပါး ထိခိုက်မှုအာမခံ လျော်ကြေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှသိရသည်။

နစ်မြုပ်ခဲ့သည် ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး လုပ်ငန်းပိုင် နှစ်ထပ်သင်္ဘောဖြစ်သည့် အောင် တံခွန်(၃)သည် သင်္ဘောတစ်စင်း လုံးအတွက် အာမခံကြေးအပြင် ခရီးသည်များအတွက်လည်း ခရီး သွားအာမခံပြုလုပ်ထားခြင်းမရှိ ကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး အနေဖြင့် အာမခံကြေးသွင်းထားခြင်းရှိသည့် သူတစ်ပါးထိခိုက်မှု အာမခံအတွက် လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ လျော်ကြေးပေးရာတွင်လည်း သင်္ဘောစီးလက်မှတ်ကို အမှန်တကယ် ဝယ်ယူစီနင်းသူများကိုသာ စိစစ်၍ လျော်ကြေး ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။

''အစိုးရသင်္ဘော၊ ရေကြောင်း ပို့ဆောင်ရေးက ပိုင်တာ။ သင်္ဘော ကို အာမခံ မလုပ်ထားဘူး။ လုပ် ထားရင် သင်္ဘောအတွက် ရမယ်။အခုတော့သင်္ဘောနဲ့ ပတ်သက်ပြီး သူတစ်ပါး ထိခိုက်မှုအာမခံကနေ လျော်မယ်။ အစိုးရ သင်္ဘောတိုင်း လဲ အာမခံမထားကြပါဘူး။ အခု တာဝန်ရှိတဲ့သူတွေကို ကြည့်ခိုင်း ထားတယ်။ ချက်ချင်းပေးနိုင်တဲ့ ကိစ္စ မဟုတ်ဘူး။ အာမခံလုပ်ငန်းရဲ့လုပ် ထုံး လုပ်နည်းတွေအတိုင်း ဆောင်ရွက် သွားမယ်''ဟု မြန်မာ့အာခံလုပ်ငန်း မှ ဦးဆောင် ညွန်ကြားရေးမှူးဦး အေးမင်းသိန်း ကပြောသည်။

လက်ရှိတွင် အာမခံ လျော် ကြေးပေးနိုင်ရန် စတင် ဆောင်ရွက် လျက်ရှိပြီး၊ သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေးအရ သေဆုံးသူ များ၏ အလောင်းရရှိပါက ငါးသိန်း ကျပ်နှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဒဏ်ရာရရှိမှုအပေါ် မူတည်ပြီး လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှသိရသည်။

''သင်္ဘောလဲ အာမခံမရှိဘူး။ခရီးသည်တွေလဲ ခရီးသွားအာမခံမရှိ ဘူး။ ခရီးသွားအာမခံကြေးသာသွင်း ထားရင် တစ်ဆယ်ကျပ် သွင်းရင် ဆယ်သိန်းလျော်ကြေး ရနိုင်တယ်။အခုမလုပ်ထားတော့ သင်္ဘောလဲ မရဘူး။ ခရီးသည်တွေကလဲ ပုံမှန် ထိခိုက်မှု အာမခံကြေးကိုပဲ ရတာ ပါ''ဟု ရခိုင်ပြည်နယ် မြန်မာအာမခံ လုပ်ငန်းတွင်တာဝန်ယူခဲ့ဖူးသူဦးစီး အရာရှိတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်တွင် ကားများ နှင့် ရှပ်ပြေးယာဉ်များတွင်သာ ခရီး သည်များအတွက် ခရီးသွားအာမခံ ကြေးများ ပေးသွင်းခြင်းရှိပြီး အစိုးရ ပိုင် ပြည်တွင်းရေကြောင်းပို့ဆောင် ရေးသင်္ဘောများတွင် ပြုလုပ်ထား ခြင်းမရှိကြောင်း ယင်းကပြောသည်။

မြန်မာနိုင်ငံတွင်အာမခံ ပြု လုပ်ထားသင့်သည့် လုပ်ငန်းများ အများ အပြားရှိနေသော်လည်း အာမခံ ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီးအသိပ ညာ နည်းပါးကြောင်း၊ ခရီးသွား လုပ်ငန်းများတွင် မိုင်တစ်ရာ ထက် ဝေးကွာသည့် ခရီးသွားလိုသည့် ခရီးသည်များအတွက် ခရီးသွား အာမခံကြေးကျပ် ၃ဝဝပေးဆောင် ရကြောင်း သိရသည်။

MMO
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

Share this:

CONVERSATION

0 comments:

Post a Comment